Aikido လေ့ကျင့်ခြင်းဟာ ဘယ်အချိန်မှာ ဆုံးခန်းတိုင်ပါသလဲ၊ ပြီးမြောက်ပါသလဲ

သင်တန်းသားအများစု ပြန်လာပြောပြလို့ ကြားသိရတဲ့အထဲမှာ 

“မင်း Aikido လေ့ကျင့်နေတာ ကြာလှနေပြီ၊ ခုထိ မပြီးသေးဘူးလား” 

ဆိုတဲ့စကားပဲဖြစ်ပါတယ် 

ဒါဆို Aikido လေ့ကျင့်ခြင်းဟာ ဘယ်အချိန်မှာ ပြီးဆုံးပါသလဲဆိုတာကို ခုလိုရှင်းပြဖို့ လိုအပ်လာပါပြီ 

GYM ကစားခြင်း၊ ရေကူးခြင်း၊ Yoga လေ့ကျင့်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ စားပွဲတင် တင်းနစ်ရိုက်ခြင်း၊ Golf ရိုက်ခြင်း အစရှိသည့် အရာများကို လုပ်ဖူးပါသလား၊ ဘယ်အချိန်မှာ ဆုံးခန်းတိုင်ပါသလဲ၊ ပြီးဆုံးပါသလဲ 

Aikido ဟာ Self-Defense ဖြစ်သလို၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်၊ Aikido လေ့ကျင့်နေသူများဟာ သူတပါးကို တိုက်ခိုက်ဖို့ထက် မိမိကိုယ်ကို ကျန်းမာလိုခြင်း၊ ခံနိုင်ရည်ရှိလိုခြင်း အတွက် လေ့ကျင့်နေကြခြင်းဖြစ်ပါတယ် 

အားကစားကျန်းမာရေး လေ့ကျင့်ခန်းပြုလုပ်သူများမှာ သူများထက် ထူးခြားကောင်းမွန်တဲ့ စွမ်းဆောင်ရည်များစွာ ရှိပါတယ်၊ Aikido လေ့ကျင့်ခြင်းသည်လည်း ကောင်းကျိုးများစွာ ရှိနေပါတယ်၊ လေ့ကျင့်နေသူများကိုယ်တိုင် မည်သည့် ကျန်းမာရေးကောင်းကျိုးစွမ်းရည် ရှိနေသည်ကို သိရှိနေကြပါတယ် 

ဒါကြောင့် Aikido လေ့ကျင့်ခြင်းဟာ ဘယ်အချိန်မှာ ဆုံးခန်းတိုင်ပါသလဲ၊ ဘယ်အချိန်မှာ ပြီးမြောက်ပါသလဲလို့ မေးခွန်းရှိလာခဲ့ရင် “သင်ဘယ်အရွယ်ထိ ကျန်းကျန်းမာမာနေချင်ပါသလဲ” ဆိုသည့်စကားဖြင့်သာ အဖြေပေးလိုပါတယ် 

Aikido တစ်ခုတည်းကိုသာရည်ညွှန်းသည်မဟုတ်ပဲ၊ ကျန်းမာလိုသူတိုင်း အားကစားလှုပ်ရှားမှုတစ်ခုခုကို အမြဲလုပ်ဆောင်ကြစေလိုသော ရည်ရွယ်ချက်ဖြင့် ဤ Post ကို ရေးသားခြင်းဖြစ်ပါသည်

နှစ်သစ်မှာ လူတိုင်းကျန်းမာပျော်ရွှင်၍ လိုချင်သောဘဝဆန္ဒကို အမြန်ဆုံး ရရှိပိုင်ဆိုင်နိုင်ကြပါစေ 

More about Aikido 

ootori.aikido.dojo@gmail.com

+95 9 430 26847



Comments

Popular posts from this blog

Ootori Aikido Dojo စတင်ခြင်း

Black Belt Exam 2019 at Hotel H Valley Yangon