Posts

Showing posts from 2021

ရှိုးဂန်း(将軍|shōgun)

Image
  ရှိုးဂန်း(将軍| shōgun )  ဆိုသည်မှာ ဂျပန်  စစ်အာဏာရှင်ခေတ်က စစ်တပ်အတွင်းတွင် ရှိသော ရာထူး အဆင့်အတန်း တစ်ခု ဖြစ်သည်။ ယခုခေတ်တွင် ရာထူး အဆင့်အတန်းအားဖြင့် စစ်သေနာပတိချုပ် နှင့် ညီမျှသည်။ ရှိုးဂန်း၏ မူလ အဓိပ္ပာယ်မှာ ဗိုလ်ချုပ် ဖြစ်သော်လည်း ဂျပန်သမိုင်း  တစ်လျှောက် အချိန်ကာလ အပိုင်းအခြား အမျိုးမျိုး တို့တွင် အုပ်ချုပ်ခဲ့သော ဆဲအိ တိုင်းရှိုးဂန်း တို့ကို အတိုကောက် အားဖြင့်လည်း ခေါ်ဝေါ်ကြသည်။  ဆဲအိတိုင်း ရှိုးဂန်း ဆိုသည်မှာ အရှေ့ဘက်မှ အရိုင်းအစိုင်းတို့ကို အောင်နိုင်သူဟု အဓိပ္ပာယ် ရပြီး သူတို့သည် မဲအိဂျီ ဘုရင် ထံသို့ ၁၈၆၇ တွင် အာဏာစွန့်လွှတ်ခဲ့သည်။ မီနာမိုတို နော့ ယိုရိုတိုမို၊ ကာမာကူရာ ရှိုးဂန်းနိတ်၏ ပထမဆုံး ရှိုးဂန်း (၁၁၉၂-၁၁၉၉) Source:  ရှိုးဂန်း - ဝီကီပီးဒီးယား (wikipedia.org)

ဂေးရှား (Geisha , 芸者)၊ ဂေးကို (Geiko , 芸子) သို ဂေးဂိ (Geigi ,芸妓)

Image
 ဂေးရှား (Geisha , 芸者)၊ ဂေးကို (Geiko , 芸子) သို ဂေးဂိ (Geigi ,芸妓) ဆိုသည်မှာ ဂျပန်ရိုးရာ အမျိုးသမီး ဖျော်ဖြေသူများ ဖြစ်ကြပြီး သူတို တတ်ကျွမ်းသော ပညာများတွင် ဂျပန် အနုပညာ အမျိုးစုံတိုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း ပါဝင်သည်။ ဂျပန်နိုင်ငံတွင် လေ့ကျင့်သင်ကြားထားသော အိမ်တွင်းမှုပညာ အရပ်ရပ်နှင့် နှံစပ်ကျွမ်းကျင်သူ ပျော်တော်ဆက် မိန်းကလေးဖြစ်သည်။ ဂေးရှားအစစ်မှာ စာရိတ္တ ပျက်စီးသူများ မဟုတ်ပေ။ အလွန်အဖိုးတန်သော လက်ရွေးစင် မိန်းကလေးများဖြစ်၍ အနည်းငယ်သာရှိသည်။ အသက် ၅-နှစ်အရွယ်မှ စ၍ အဆို၊ အက၊ အပျော်၊ အပြုအပြင်၊ ဧည့်ဝတ် စသည်တိုကို အထူးလေ့ကျင့် သင်ကြားထားကြသည်။ Source: Wiki

ဆာမူရိုင်း (Japanese:侍 English: Samurai)

Image
 ဆာမူရိုင်း ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံ တွင် စက်မှုထွန်းကားသောခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲအစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ (Japanese:武士 English: bushi ) ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ...

နင်ဂျာ (ninja)

Image
 နင်ဂျာ (ninja) သိုမဟုတ် ရှီနိုဘီ (Shinobi) သည် ဂျပန်ပဒေသရာဇ်ခေတ် မှ လျှိဝှက်အေးဂျင့် သိုမဟုတ် ကြေးစား တစ်မျိုးဖြစ်သည်။  နင်ဂျာ၏ လုပ်ဆောင်မှုများတွင် သူလျှိလုပ်ခြင်း ၊ လှည့်စားခြင်းနှင့် အံ့အားသင့်စရာ တိုက်ခိုက်မှုများပါဝင်သည်။ သူတို၏ ပုံမှန်မဟုတ်သော စစ်ဆင်ရေး များကို လျိုဝှက်နည်းလမ်းများသုံး၍ ပြုလုပ်ခဲ့ခြင်းသည် ဆာမူရိုင်း များ၏ ဂုဏ်သိက္ခာအောက် နိမ့်ကျပြီး ဂုဏ်သရေမဲ့သော လုပ်ရပ်ဟု မှတ်ယူခဲ့ကြသည်။  အထူး လေ့ကျင့်သင်ကြားထားသော သူလျှိနှင့်ကြေးစားများ ဖြစ်သော ရှိနော့ဘိ အစစ်များသည် ၁၅ ရာစု ဆန်ဂိုးကု ခေတ်အတွင်း ပေါ်ပေါက်ခဲ့သော်လည်း ယခင် အစောပိုင်း ၁၂ ရာစုကတည်းက အလားတူ နင်ဂျာများ ရှိခဲ့ကြသည်။  ဆန်းဂိုးကုခေတ် မငြိမ်မသက် ဖြစ်နေစဉ်တွင် အိဂါပြည်နယ် နှင့် ကိုးဂါ ကျေးရွာ ပတ်ဝန်းကျင်တိုတွင် ကြေးစားများနှင့် စပိုင်များ ခြေချင်းလိမ်နေခဲ့ကြပြီး ထိုဒေသများမှ နင်ဂျာနှင့် ပက်သတ်သော သိကောင်းစရာ များစွာရရှိခဲ့သည်။ ၁၇ ရာစုတွင် တိုကူဂါဝါရှိးဂန်းနိတ် လက်အောက်တွင် ဂျပန်ကိုပေါင်းစည်းလိုက်သောအခါ နင်ဂျာတိုသည် မှေးမှိန် ပျောက်ကွယ် သွားခဲ့သည်။  ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များတွင် တရုတ် စစ်ရေး အတွေ...

ဂျပန်နိုင်ငံ (日本 နိဟွန်း သိုမဟုတ် နိပွန်)

Image
 ဂျပန်နိုင်ငံ (日本 နိဟွန်း သိုမဟုတ် နိပွန်၊ တရားဝင်အမည် 日本国 နိပွန်ကိုကု သိုမဟုတ် နိဟွန်းကိုကု) သည် အရှေ့အာရှတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား နှင့် ရုရှား တို၏ အရှေ့ဖက်တွင် ရှိပြီး မြောက်ဖက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တိုအထိ ဖြန့်ကျက်တည်ရှိသည်။ ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးများမှာ "နေမှဆင်းသက်လာသောတိုင်းပြည်" ဟု အဓိပ္ပာယ်ရပြီး ထိုအတွက်ကြောင့် တခါတရံတွင် ဂျပန်အား "နေထွက်ရာတိုင်းပြည်" ဟု အဓိပ္ပာယ်ဖော်ဆို ခေါ်ဝေါ်ကြသည်။ ဂျပန်သည် ကျွန်းပေါင်း ၃၀၀၀ ကျော်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တိုဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီး အများအပြားမှာ မီးတောင်များဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။ ဂျပန်သည် ကမ္ဘာပေါ်...

Black Belt Exam 2019 at Hotel H Valley Yangon

Image
 ၁၀ရက်၊ ၁၁လ၊ ၂၀၁၉ ခုနှစ်  Aikido Black Belt Exam ကို Ootori Aikido Dojo မှ ပါဝင် ဖြေဆိုနိုင်ခဲ့ခြင်း အမှတ်တရ။ ခါးစည်းအနက် ဖြေဆိုသည့် ကျောင်းသူနှင့် ၎င်းအား အားဖြည့်ကူညီပေးခဲ့ကြသော သင်တန်းသားများအား Ootori Aikido Dojo မှ မှတ်တမ်းတင်အပ်ပါသည်။

Aikido ဆိုသည်မှာ

Image
 အိုက်ကီဒို (合気道 aikidō) ဆိုသည်မှာ မော်ရီဟေး အူအဲ ရှိဘ (Morihei Ueshiba) မှ သူ၏ ကိုယ်ခံပညာလေ့လာမှု ၊ ဖီလော်ဆော်ဖီ ဆိုင်ရာ တွေးခေါ်မှု နှင့် ဘာသာရေးယုံကြည်မှု များကို ပေါင်းစပ်စုစည်း၍ တီထွင်ဖန်တီးခဲ့သော ဂျပန် ကိုယ်ခံပညာ တစ်ခုဖြစ်သည်။  အိုက်ကီဒို ကို အများအားဖြင့် စွမ်းအင်များဖြင့် စုစည်းထားသောနည်းလမ်း သိုမဟုတ် စိတ်အာရုံ ခံစားမှုများကို စည်းဝါးကိုက်ညီစွာ ပေါင်းစပ်ထားသော နည်းလမ်း ဟု ခေါ်ဆိုနိုင်သည်။  အူအဲရှိဘ ၏ ရည်ရွယ်ချက်မှာ လေ့ကျင့်သူများအနေဖြင့် မိမိအားတိုက်ခိုက်လာသူထံမှ ရရှိနိုင်သည့်နာကျင်မှုများကို ခုခံကာကွယ်ရန်အတွက် အသုံးပြုနိုင်သော အနုပညာရပ်တစ်ခုဖန်တီးရန် ဖြစ်ခဲ့သည်။ အိုက်ကီဒို၏လုပ်ဆောင်မှုမှာ တိုက်ခိုက်လာသူ၏ ရွေ့လျားမှု ၊ တိုက်ခိုက်မှုအား ၊ တိုက်ခိုက်ရာ လမ်းကြောင်းတိုကို ဆန့်ကျင်ဘက်အဖြစ်ပြောင်းလဲပေးပြီး အဆုံးသတ်ပေးခြင်းပင်ဖြစ်သည်။  မိမိအနေဖြင့် အနည်းဆုံးသောခွန်အားကို အသုံးပြု၍ တိုက်ခိုက်လာသူ၏ အရှိန်၊ အဟုန်၊ ခွန်အားတိုကို ဝင်ရောက်ခြင်း သိုမဟုတ် လှည့်ပတ်ခြင်းစသော လှုပ်ရှားမှုနည်းလမ်းများဖြင့် ခုခံကာကွယ်ခြင်းပင်ဖြစ်သည်။  အိုက်ကီဒို နည်းစံနစ်များသည် လွှင့်ပစ်ကိ...

Ootori Aikido Dojo စတင်ခြင်း

Image
Ootori Aikido Dojo  ကို ၁ ရက်၊ ၁၀လ၊ ၂၀၁၈ ခုနှစ် မှာ ပန်းဘဲတန်းမြို့နယ် (၂၉) လမ်း အထက်လမ်းရှိ အိမ်အမှတ် (၂၂၅) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကို တည်ထောင်သူ သင်တန်းဆရာနှင့် ဆရာမ နှစ်ဦးစလုံးသည် Aikido Foundation, Aikido World Headquarter မှ ခါးစည်းအနက် အဆင့် ၃ (San Dan) ကို အောင်မြင်ထားသူများဖြစ်သည်။ ဆရာနှင့် ဆရာမ တို့သည် Aikido ကို ကိုယ်တိုင်လေ့ကျင့်ရသည်ကို နှစ်သက်ရုံသာမက Aikido ပညာရပ်သည် အသက်ရှင်နေစဉ် ဘဝတစ်လျောက် မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝစွာဖြင့် ဖြတ်သန်းနိုင်ရန်အတွက် စိတ်နှင့် ခန္ဓာကိုယ်ကို ကြံ့ခိုင်လာအောင် စွမ်းဆောင်ပေးနိုင်သည်ဟု ခံယူသောကြောင့် အများသူငှာ လေ့ကျင့်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်သင်ကြားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ Ootori Aikido Dojo သည် ရန်ကုန်မြို့ Downtown Area တွင်၊ Japan နိုင်ငံ World Headquarter မှ အသိအမှတ်ပြုသည့် သင်တန်းများအနက်မှ ဒုတိယမြောက်ဖွင့်လှစ်ခဲ့သော Aikido လေ့ကျင့်ရေးကျောင်းတစ်ခု ဖြစ်သည်။  Japan ရိုးရာ Martial Art ဖြစ်သည့်အတွက် Aikido လေ့ကျင့်သူများသည် ကောင်းမွန်သော အမူအကျင့်များ၊ သစ္စာရှိမှုများ၊ နာခံမှုများ၊ စည်းကမ်းပြည့်ဝမှုများကိုပါ ပူးတွဲလ...