ဂျပန်နိုင်ငံ (日本 နိဟွန်း သိုမဟုတ် နိပွန်)

 ဂျပန်နိုင်ငံ (日本 နိဟွန်း သိုမဟုတ် နိပွန်၊ တရားဝင်အမည် 日本国 နိပွန်ကိုကု သိုမဟုတ် နိဟွန်းကိုကု) သည် အရှေ့အာရှတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား နှင့် ရုရှား တို၏ အရှေ့ဖက်တွင် ရှိပြီး မြောက်ဖက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တိုအထိ ဖြန့်ကျက်တည်ရှိသည်။

ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးများမှာ "နေမှဆင်းသက်လာသောတိုင်းပြည်" ဟု အဓိပ္ပာယ်ရပြီး ထိုအတွက်ကြောင့် တခါတရံတွင် ဂျပန်အား "နေထွက်ရာတိုင်းပြည်" ဟု အဓိပ္ပာယ်ဖော်ဆို ခေါ်ဝေါ်ကြသည်။
ဂျပန်သည် ကျွန်းပေါင်း ၃၀၀၀ ကျော်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တိုဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီး အများအပြားမှာ မီးတောင်များဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ တိုကျိုမြိုပြ ဒေသကြီးတွင် ပုံမှန်အားဖြင့် မြိုတော်ဖြစ်သော တိုကျိုမြိုနှင့် အနီးပတ်ဝန်းကျင်ရှိ မြိုနယ်များ ပါဝင်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြိုပြဧရိယာဖြစ်ပြီး လူဦးရေ သန်း ၃၀ ကျော်နေထိုင်ကြသည်။

ရှေးဟောင်းသုတေသန လေ့လာချက်များအရ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း အချိန်ကာလကပင် ဂျပန်ကျွန်းများ ပေါ်တွင် လူများ နေထိုင်လျှက်ရှိကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။ ဂျပန်ဟူသော အမည်နာမကို သမိုင်းမှတ်တမ်းအဖြစ် ပထမအေဒီရာစုနှစ်မှ တရုတ်သမိုင်းစာအုပ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိရပြီး အကျဉ်းချုံးသာ ဖော်ပြထားသည်။

အချိန်ကာလကြာမြင့်စွာ တသီးတသန့် နေခဲ့ပြီးနောက် ပြင်ပကမ္ဘာမှ လွှမ်းမိုးမှုများ ရောက်ရှိလာခြင်းသည် ဂျပန်သမိုင်း၏ သွင်ပြင်လက္ခဏာပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ယခုလက်ရှိ ဖွဲစည်းပုံအခြေခံဥပဒေကို စတင်သုံးစွဲသည့် အချိန်မှစ၍ ဂျပန်သည် ဘုရင်ရှိသော စည်းမျဉ်းခံဘုရင်စနစ်နှင့် ဒိုင်းယက်ခေါ် လူထုကိုယ်စားလှယ်များဖြင့် ဖွဲစည်းထားသော အထက်နှင့် အောက်လွှတ်တော်တို တပေါင်းတစည်းတည်းအုပ်ချုပ်သည့်စနစ်ကို ထိန်းသိမ်းကျင့်သုံးလာခဲ့သည်။

ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ဂျပန်သည် ကုလသမဂ္ဂ၊ G8၊ G4၊ OECD နှင့် APEC တို၏ အဖွဲဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ရေးသုံးငွေ ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်။ ထိုပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပိုသူဖြစ်ပြီး ဆဋ္ဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံဖြိုးပြီး နိုင်ငံဖြစ်သည်။ လူထုဖွံဖြိုးမှုကိန်းညွှန်းနိုင်ငံများ စာရင်းတွင် အဆင့် ၈ ရှိသည်။ ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင်သည့် နေရာမှရှိသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ၏ ခန့်မှန်းချက်အရ လူ့သက်တမ်းအရှည်ဆုံးနှင့် ကလေးသူငယ်သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

ကီမီဂါယော့ သည် ဂျပန်ပြည်၏ နိုင်ငံတော်သီချင်းဖြစ်သည်။ ဤသီချင်းသည် ဂျပန်အင်ပါယာ၏ နိုင်ငံတော်သီချင်း ဖြစ်သကဲ့သို ဂျပန်ဧကရာဇ်၏ ဘုန်းတော်ဘွဲတေးလည်းဖြစ်သည်။




Source: Wiki



Comments

Popular posts from this blog

Ootori Aikido Dojo စတင်ခြင်း

Black Belt Exam 2019 at Hotel H Valley Yangon