နင်ဂျာ (ninja)

 နင်ဂျာ (ninja) သိုမဟုတ် ရှီနိုဘီ (Shinobi) သည် ဂျပန်ပဒေသရာဇ်ခေတ် မှ လျှိဝှက်အေးဂျင့် သိုမဟုတ် ကြေးစား တစ်မျိုးဖြစ်သည်။ 

နင်ဂျာ၏ လုပ်ဆောင်မှုများတွင် သူလျှိလုပ်ခြင်း ၊ လှည့်စားခြင်းနှင့် အံ့အားသင့်စရာ တိုက်ခိုက်မှုများပါဝင်သည်။ သူတို၏ ပုံမှန်မဟုတ်သော စစ်ဆင်ရေး များကို လျိုဝှက်နည်းလမ်းများသုံး၍ ပြုလုပ်ခဲ့ခြင်းသည် ဆာမူရိုင်း များ၏ ဂုဏ်သိက္ခာအောက် နိမ့်ကျပြီး ဂုဏ်သရေမဲ့သော လုပ်ရပ်ဟု မှတ်ယူခဲ့ကြသည်။ 

အထူး လေ့ကျင့်သင်ကြားထားသော သူလျှိနှင့်ကြေးစားများ ဖြစ်သော ရှိနော့ဘိ အစစ်များသည် ၁၅ ရာစု ဆန်ဂိုးကု ခေတ်အတွင်း ပေါ်ပေါက်ခဲ့သော်လည်း ယခင် အစောပိုင်း ၁၂ ရာစုကတည်းက အလားတူ နင်ဂျာများ ရှိခဲ့ကြသည်။ 

ဆန်းဂိုးကုခေတ် မငြိမ်မသက် ဖြစ်နေစဉ်တွင် အိဂါပြည်နယ် နှင့် ကိုးဂါ ကျေးရွာ ပတ်ဝန်းကျင်တိုတွင် ကြေးစားများနှင့် စပိုင်များ ခြေချင်းလိမ်နေခဲ့ကြပြီး ထိုဒေသများမှ နင်ဂျာနှင့် ပက်သတ်သော သိကောင်းစရာ များစွာရရှိခဲ့သည်။ ၁၇ ရာစုတွင် တိုကူဂါဝါရှိးဂန်းနိတ် လက်အောက်တွင် ဂျပန်ကိုပေါင်းစည်းလိုက်သောအခါ နင်ဂျာတိုသည် မှေးမှိန် ပျောက်ကွယ် သွားခဲ့သည်။ 

၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များတွင် တရုတ် စစ်ရေး အတွေးအခေါ် အပေါ် မကြာခဏ အခြေခံ၍ ရေးသားလေ့ရှိသော ရှီနိုဘီ လက်စွဲစာအုပ်အများစုရှိပြီး နာမည်ကျော်သော စာအုပ်မှာ ဘန်ဆန်ရှူကိုင်း (၁၆၇၆) ဖြစ်သည်။ 
မေဂျီ ပြန်လည် ထူထောင်ခြင်း ခေတ် (၁၈၆၈) အချိန် တွင် ရှီနိုဘီ တိုသည် ဂျပန်တွင်လူကြိုက်များသော စိတ်ကူးယဉ် နှင့် လျှိဝှက်သည်းဖို ဇာတ်လမ်းများ ဖြစ်လာခဲ့သည်။ နင်ဂျာ များအား ဒဏ္ဍာရီများ နှင့် ရိုးရာပုံပြင်များတွင် ထင်ရှားစွာထည့်သွင်းခဲ့ကြသည်။ 

၎င်းတိုသည် ကိုယ်ဖျောက်နိုင်ခြင်း ၊ ရေပေါ် လမ်းလျှောက်ခြင်းနှင့် သဘာဝဒြပ်စင်များကို ထိန်းချုပ်ခြင်း စသည့် ဒဏ္ဍာရီဆန်သော စွမ်းအင်များ နှင့် ဆက်စပ်နေသည်။ 

အကျိုးဆက်အားဖြင့် ရေပန်းစားလူကြိုက်များသော ယဉ်ကျေးမှုများတွင် သူတိုအားမြင်သောအမြင်မှာ ဆန်ဂေါ့ကုခေတ်က လျှိဝှက်လူသားများထက် ထိုသိုသော ဒဏ္ဍာရီ နှင့် ရိုးရာပုံပြင်များ အပေါ်တွင် အခြေခံသည်။





Source: Wiki












Comments

Popular posts from this blog

Ootori Aikido Dojo စတင်ခြင်း

Black Belt Exam 2019 at Hotel H Valley Yangon