Aikido ဆိုသည်မှာ

 အိုက်ကီဒို (合気道 aikidō) ဆိုသည်မှာ မော်ရီဟေး အူအဲ ရှိဘ (Morihei Ueshiba) မှ သူ၏ ကိုယ်ခံပညာလေ့လာမှု ၊ ဖီလော်ဆော်ဖီ ဆိုင်ရာ တွေးခေါ်မှု နှင့် ဘာသာရေးယုံကြည်မှု များကို ပေါင်းစပ်စုစည်း၍ တီထွင်ဖန်တီးခဲ့သော ဂျပန် ကိုယ်ခံပညာ တစ်ခုဖြစ်သည်။ 

အိုက်ကီဒို ကို အများအားဖြင့် စွမ်းအင်များဖြင့် စုစည်းထားသောနည်းလမ်း သိုမဟုတ် စိတ်အာရုံ ခံစားမှုများကို စည်းဝါးကိုက်ညီစွာ ပေါင်းစပ်ထားသော နည်းလမ်း ဟု ခေါ်ဆိုနိုင်သည်။ 

အူအဲရှိဘ ၏ ရည်ရွယ်ချက်မှာ လေ့ကျင့်သူများအနေဖြင့် မိမိအားတိုက်ခိုက်လာသူထံမှ ရရှိနိုင်သည့်နာကျင်မှုများကို ခုခံကာကွယ်ရန်အတွက် အသုံးပြုနိုင်သော အနုပညာရပ်တစ်ခုဖန်တီးရန် ဖြစ်ခဲ့သည်။
အိုက်ကီဒို၏လုပ်ဆောင်မှုမှာ တိုက်ခိုက်လာသူ၏ ရွေ့လျားမှု ၊ တိုက်ခိုက်မှုအား ၊ တိုက်ခိုက်ရာ လမ်းကြောင်းတိုကို ဆန့်ကျင်ဘက်အဖြစ်ပြောင်းလဲပေးပြီး အဆုံးသတ်ပေးခြင်းပင်ဖြစ်သည်။ 

မိမိအနေဖြင့် အနည်းဆုံးသောခွန်အားကို အသုံးပြု၍ တိုက်ခိုက်လာသူ၏ အရှိန်၊ အဟုန်၊ ခွန်အားတိုကို ဝင်ရောက်ခြင်း သိုမဟုတ် လှည့်ပတ်ခြင်းစသော လှုပ်ရှားမှုနည်းလမ်းများဖြင့် ခုခံကာကွယ်ခြင်းပင်ဖြစ်သည်။ 

အိုက်ကီဒို နည်းစံနစ်များသည် လွှင့်ပစ်ကိုင်ပေါက်ခြင်း ၊ အဆစ်များကို ချိုးလိမ်ခြင်းများဖြင့် အဆုံးသတ်လေ့ရှိသည်။ 

ထိုကြောင့် အိုက်ကီဒို၏ နည်းစံနစ်များကို အမျိုးအစားခွဲကြည့်လျှင် ဖမ်းဆုပ်ချုပ်နှောင်ခြင်း ပြုလုပ်ရသော ကိုယ်ခံပညာများမှ ဆင်းသက်လာသည်ဟု ဆိုနိုင်ပေသည်။

အိုက်ကီဒိုသည် အဓိကအားဖြင့် ဒိုက်တို ရူ အိုက်ကီ ဂျူဂျစ်ဆူ(Daitō-ryū Aiki-jūjutsu) မှ ဆင်းသက်လာသည်ဟု ဆိုနိုင်သည် ၊ သိုသော် ၁၉၂၀ ခုနှစ်ပတ်ဝန်းကျင်နောက်ပိုင်းမှစ၍ အူအဲရှိဘ ၏ အိုမိုတိုခရို ( Ōmoto-kyō ) ဘာသာအယူဝါဒနှင့် ဆက်စပ်ပြီး စတင်ပြောင်းလဲလာခဲ့သည်။

အောက်ဖော်ပြပါရုပ်ပုံမှာ လက်တစ်ဖက်ကို လက်နှစ်ဖက်နှင့် လာရောက်ချုပ်ကိုင်ခြင်းကို ပြန်လည် တုန့်ပြန်သောစနစ် (Morote Dori) ကို သရုပ်ပြနေခြင်းဖြစ်သည်။







Comments

Popular posts from this blog

Ootori Aikido Dojo စတင်ခြင်း

Black Belt Exam 2019 at Hotel H Valley Yangon